Sunday 19 June 2011

လေးဝတီ နှင့် လေးကိုင်းသဏ္ဌာန်မြေ (ဆောင်းပါး)

မူရင်း Link

ရခိုင်ပြည်ကို ၀တီလေးရပ်ပေါင်းစည်းအပ်သော ရက္ခမဏ္ဍလ(၀ါ)ရက္ခမဏ္ဍိုင်ဟုခေါ်လေ့ရှိပါသည်။ ယခုခေတ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ ရှိနေသော ရခိုင်ပြည်နယ်မှာ ရာမမင်း၏လေးကိုင်း သဏ္ဌာန် ရှိနေပြီး၊ရှေးရခိုင်မင်းများတံခိုးထွားခဲ့စဉ်က ရှိခဲ့သော ရခိုင်ပြည်ကြီး၏တစိတ် တဒေသသာ ဖြစ်ပါသည်။


ရခိုင်အင်ပါယာကြီးရှိခဲ့စဉ်က မူ အနောက်ဘင်္ဂါ ၁၂ မြို့၊တြိပူရ၊ ဟိုင်းကြီးကျွန်း၊ လိပ်ကျွန်း၊ ကိုကိုး ကျွန်း၊ကပ္ပလီကျွန်းခေါ် အန္ဒမန်ကျွန်း၊ နီကိုဘာကျွန်းတို့ အထိ ပိုင်ဆိုင်ခဲ့ဘူးပါသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်နှင့်သီဟိုဠ်ကျွန်းခေါ်သိင်္ဃိုပြည်တို့ ဆက်ဆံရေးများရှိခဲ့ပါသည်။ ထိုစဉ်ကရခိုင်ပြည်ကြီး၏ ပုံသဏ္ဌာန်မှာမူ ဆင်ဦးကင်း၏ လက်ျာဘက်ခြမ်းနှင့် နှာမာင်းပုံဖြစ်ခဲ့ပေလိမ့်မည်။

ခရစ်သက္ကရဇ်၁၆၆၆-ခုမဂို-ရခိုင်စစ်ပွဲပြီးချိန်မှစပြီးဘဂါင်္ ၁၂ မြို့ နှင့်စစ် တကောင်းနယ်ကို လက်လွှတ်လိုက်ရသည်။ နောက်ပိုင်းတွင်၎င်းနယ်များနှင့် ကပ္ပလီကျွန်း၊နီကိုဘာကျွန်းနှင့် ကြိပူရတို့ကို အင်္ဂလိပ်တို့က သိမ်းယူလိုက်သည်။

မြန်မာဘုရင် ဘိုးတော်မောင်ဝိုင်း ရခိုင်ပြည်ကို နယ်ချဲ့သိမ်းပိုက်လိုက်စဉ်က ရခိုင်ပြည်၏ပိုင်နက်မှာ ယခု လက်ရှိရခိုင်ပြည်နယ်၏နယ်နိမိတ်ထက် ကျယ်ပြန့်ပါသေးသည်။ သို့ရာတွင် အင်္ဂလိပ်တို့အောက် မြန်မာပြည်ကို သိမ်းပိုက်ပြီးချိန်၌၊ ဂွမြို့ အောက်ပိုင်းရှိ ရခိုင်ကမ်းရိုးတန်း၊ ဟိုင်းကြီးကျွန်း၊ လိပ်ကျွန်း၊ ကိုကိုးကျွန်းတို့ကို ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်အတွင်းသို့ ထည့်လိုက်၍လည်းကောင်း၊ လွတ်လပ်ရေးရ ပြီးနောက် ၁၉၅၂-ခုနှစ်တွင်ဦးနုနှင့် ဖဆပလ အစိုးက ရခိုင်ပြည်ကို သူတို့အမေ့လင်ပစ္စည်းသဖွယ် သဘောထားပြီး ပလက်ဝမြို့ နယ်ကို ချင်းဝိသေသတိုင်းသို့ လက်ဆောင်ပေးလိုက်၍လည်းကောင်း၊ ရခိုင် နယ်နိမိတ်မှာ ကျဉ်းသထက်ကျဉ်းသွားပါတော့သည်။

အင်္ဂလိပ်ခေတ်ကလည်း ရခိုင်ပြည်လူဦးရေနည်းသည်ကို အကြောင်းပြပြီး၊ လယ်ယာစိုက်ပျိုးရန်နှင့် အ လုပ်ကြမ်းများလုပ်ရန် ခေါ်တောကုလားခေါ် စစ်တကောင်းသားဘင်္ဂါလီများကို သိန်းနှင့်ချီပြီး ရခိုင်ပြည်တွင်းးသို့သွင်းလာခဲ့သည်။ လွတ်လပ်ရေးမရခင်နှင့် ရပြီးနောက်တွင်လည်း အရှေ့ ပါကစ္စတန်(နောက် ပိုင်းဘင်္ဂလာဒက်ရှ်)မှ စစ်တကောင်းသားများ ရခိုင်ပြည်မြောက်ပိုင်းမှ တဆင့်ရခိုင်ပြည်အရပ်ရပ်သို့ လည်းကောင်း၊ မြန်မာပြည်အနှံ့သို့လည်းကောင်း ခိုးဝင်ကြပါသည်။ ၄င်း ကုလားများသည် ရခိုင်ပြည်ကိုသော်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုလည်းကောင်း သစ္စာရှိကြ သူများ မဟုတ်ပါ။ "အရိပ်နေနေ၊အခက်ချိုးချိုး"ဆိုသော စကားပုံအတိုင်း ၄င်းတို့ရောက်ရာ နေရာတိုင်းတွင် မူဆလင်နိုင်ငံထူတောင်ပြီး ဒေသခံတိုင်းရင်းသားများကို လူကိုလူဖြင့်မြိုပြီး အမျိုးတုံးအောင်လုပ်လိုသူများ ဖြစ်ပါသည်။

"ပွဲလန့်တုန်း ဖျာခင်း" ဆိုသော စကားကိုလက်တွေ့ အကောင်အထည်ဖော်ရန် မြန်မာပြည် တွင် နိုင်ငံရေးအကျပ်အတည်းပေါ်တိုင်း ရခိုင်ပြည်မြောက်ပိုင်းကို မူဆလင်နိုင်ငံအဖြစ် ခွဲထုတ်ရန်ကြံနေသူများဖြစ်ပါသည်။ ဦးနုအစိုးရ ရောင်စုံသူပုန်များကြောင့် "အရူးမီးဝိုင်း"ဖြစ်နေခိုက် မူဂျာဟစ်သူပုန်ထပြီး၊ ရခိုင်သမိုင်း၊ မြန်မာသမိုင်း၊ အိန္ဒိယသမိုင်း နှင့်ကမ္ဘာ့သမိုင်း မည်သည့်သမိုင်းတွင်မှ မပါသော၊ မကြား ဘူး သော "ရိုဟင်ဂျာ" ဆိုသည့် နာမည်သစ် လူမျိုးသစ်ကိုတည်ထွင်ပြီး ပြည်နယ်တောင်းခဲ့ ကြပါသည်။

၁၉၈၈-ခုနောက်ပိုင်းမြန်မာပြည်စစ်အစိုးရ"အများတံထွေးခွက်ပက်လက်မျော"နေခိုက်ကမ္ဘာကိုလှည့်၍ ညာစားကြပါသည်။ အဖြစ်မှန်ကိုမသိသော မြန်မာအစိုးရဆန့်ကျင်သူများမှာလည်း ကုလားများ "လသာတုန်းဗိုင်းငင်၊မိုးရွာတုန်းရေခံ"လုပ်သည်ကိုမသိကြဘဲ၊"ငါနှင့်မတူငါ့ရန်သူ၊ငါ့ရန်သူ၏ ရန်သူသည် ငါ့မိတ်ဆွေ"လုပ်ခဲ့ကြသဖြင့် ၄င်း"ရိုဟင်ဂျာ"နာမည်မှာ ကမ္ဘာကျော်သွားပါတော့သည်။

အမှန်မှာ စစ်တကောင်းဘင်္ဂါလီစကား၌ရိုဟန်(Rohan) ဆိုသည်မှာ ရခိုင်ပြည်ကိုဆိုလိုပြီး (Rohangya)ရိုဟန်ဂျာဆိုသည်မှာ"ရခိုင်သား"ဟုအဓိပ္ပါယ်ရပါသည်။ စစ်တကောင်းဘင်္ဂါလီတို့၏ဆိုလိုရင်းရိုဟန်နှင့် ရိုဟင်ဂျာမှာ ရခိုင်သားစစ်စစ်များဖြစ်သောဗုဒ္ဓဘာသာဝင်များကို ရည်စူးပါသည်။အခြားနည်းဖြင့်ရှင်းပြရသော် ရိုဟင်ဂျာ(Rohingya)၊ မတ်(ဂ)(Mugg)၊မောက်(Mogs)အားလုံးမှာ ရခိုင် သားစစ်စစ် ဗုဒ္ဓဘာသာဝင်များကို ကုလားဘာသာစကားများးဖြင့်ခေါ်ခြင်းဖြစ်ပါ၏။ ယင်းစကားလုံးကို သစ္စာမရှိ သားရေပေါ်အိပ် သားရေနားစားလိုသောကုလားများက သူတို့ကိုဆိုလိုဟန် လုပ်ပြီး "ယာ ရှင် ကို မျောက်မောင်း"ဆိုသောစကားပုံအတိုင်း "အိမ်ရှင်ကိုအိမ်ပေါ်မှနှင်ချပြီး အိမ်ကိုမောင်ပိုင် စီးရန် ကြံကြခြင်းဖြစ်ပါသည်။"

၎င်းကုလားများ၏သမိုင်းလိမ်များကိုရခိုင်ပညာရှင်များဖြစ်ကြသော ဂျပန်နေ ပါမောက္ခဒေါက်တာအေးချမ်း၊ အမေရိကန်ပြည်နယူးယောက်မြို့ မှ ပါမောက္ခဆရာကြီးဒေါက်တာအေးကျော်နှင့် ဒေါက်တာ အရှင်နာယက၊ ရခိုင်ဗုဒ္ဓဘာသာအသင်းကြီး၏ဥက္ကဌ အခင်ကြီးဦးသာလှ၊၄င်း၏သား ဦးကျော်သာလှ၊ ဂျာမဏီမှ ဆရာဦးခင်မောင်စောတို့က အချက်အလက်အပြည့်အစုံဖြင့် ဖေါ်ပြကြသောကြောင့် ကုလားများ "မှန်းချက်နှင့်နှမ်းထွက်မကိုက်"ဖြစ်သွားကြပါတော့သည်။

၎င်းကုလားတို့မှာ အစက ရခိုင်ပြည်မြောက်ဦးမင်းဆက်ကို မူဆလင်မင်းဆက်ဟူ၍လည်းကောင်း ၊ ရခိုင်ပြည်ကို ကုလားပြည်အဖြစ်လည်းကောင်း၊ ဖြီးဖြန်းထားကြရာမှ ယခုအခါ "တပတ်လျှော့" သွား ကြပြီး ရခိုင်ဘုရင်များ၏အမတ်ချုပ်ကြီးများ (ယခုခေတ်အခေါ်ဝန်ကြီးချုပ်)နှင့် အမတ်ကြီးများ(ယခုခေတ်အခေါ်ဝန်ကြီး)တို့ မှာ မူဆလင်ကုလားများဖြစ်သည်ဟု သမိုင်းလိမ်ကို ရေးလာကြပြန်ပါသည်။

စာရေးသူသည်စကားကြီးဆယ်ခွန်းပါ"ကောက်ပင်ရိပ်လှီး"နည်းအတိုင်းသူတို့စကားဖြင့်ပင်သူတို့ကို ပြန်၍ချေပပါမည်။

(၁)ကုလားများ၏အဆိုအရ ရခိုင်ဘုရင် နရပတိကြီး(၁၆၃၈-၄၅)၏အမတ်ချုပ်ကြီးမှာ"Sri Bara Thakur" ဆိုသောမူဆလင်ဖြစ်သည်ဟူ၏။

(က) Sri Bara Thakur မှာနာမည်ကိုမြင်လိုက်ရုံမျှနှင့်မူဆလင်မဖြစ်နိုင်ကြောင်း သေချာသွားတော့သည်။၎င်း အမည်မှာ ဟိန္ဒူနာမည်ဖြစ်ပါသည်။

(ခ)နရပတိကြီးခေါ် ငကုသမှာ ရခိုင်ရာဇ၀င်တွင်မင်းဆိုးမင်းညစ်အဖြစ် သမိုင်းတွင် ကျန်ရစ် သူဖြစ်သည်။ သူ့ကို နန်းပေါ်ဆွဲတင်ပေးခဲ့သော မိဖုရားနတ်ရှင်မယ်ကိုပင် မယုံကြည်တော့ဘဲ အိမ်နိမ့်စံစေခဲ့သူဖြစ်သည်။ ၄င်းမင်းက ကုလားများကို ယုံကြည်ပြီး အမတ်ချုပ်အရာပေးသည် ဆိုသောစကားမှာ ယုတ္တိမရှိပါ။

(၂)သီရိသုဓမ္မဘုရင်က Ashraf Khan ကိုအမတ်ချုပ်ကြီးနှင့်စစ်သူကြီးရာထူးပေးပြီး အလွန်ယုံ ကြည်အားကိုးကာ လေးလခန့် ခရီးထွက်နေခိုက် နန်းကိုပင်အပ်သည် ဟူသတတ်။

(က)ရခိုင်တိုင်းလိုလိုသိကြသည့် ရာဇ၀င်မှာ သီရိသုဓမ္မဘုရင်ကို မိဖုရားနတ်ရှင်မယ်က တဖြည်းဖြည်း အဆိပ်ခတ်သတ်သည်။ သီရိသုဓမ္မနတ်ရွာစံပြီး သားတော် မင်းစနေ နန်းတက်ရာတွင်လည်း အဆိပ်ခတ်ပြီး သတ်ပြန်သည်။ ၄င်းနောက် နတ်ရှင်မယ်က သူ၏ တိတ်တိတ် ပုန်းချစ်သူ(၀ါ)လင်မျှောင် အမတ် ငကုသ ကို နန်းတင်လိုက်ပြီး နရပတိကြီးဘွဲ့ နှင့် ရခိုင်မင်းဖြစ်လာစေသည်။ ၄င်းအချက်များအားလုံးမှန်ပါသည်။ ဤ သိုဆိုလျှင် သိရိသုဓမ္မ၏ လူယုံတော်အမတ်စစ်သူကြီးဟုဆိုသော ထိုမူဆလင်ကုလား အဘယ်အရပ်သို့ရောက်နေပြီး အဘယ်သို့သောကိစ္စများကြောင့် သီရိသုဓမ္မရော သား တော်ပါ လုပ်ကြံခံရသည့် ကိစ္စတွင် မတားဆီးနိုင်ခဲ့ရပါသနည်း။

(ခ)၄င်းတို့ ကိုယ်တိုင်ပင်ကြံရာပါများဖြစ်နေကြပါသလား။

(ဂ)လံကြုပ်ရာဇ၀င်ဖြစ်သဖြင့် ၄င်းတို့ နာမည်များသမိုင်းတင်မခံရခြင်းဖြစ်ရပေမည်။

(၃)ကုလားများအဆိုအရ Magan Thakur သည် သတိုးမင်းတြားနှင့်သားတော်စန္ဒသုဓမ္မ(၁၆၅၂-၈၄)တို့ လက်ထက်တွင်အမတ်ချုပ်ကြီးဖြစ်ခဲ့သည်၊၄င်းနောက်တွင် Nabanajmaglis ၊SrimaMaglis တို့ သုံဦးအစဉ်အလိုက်အမတ်ချုပ်ကြီးများဖြစ်ပြီး၊ရေတွင်းရေကန်ဗလီများဆောက်လုပ်ပေး၍ညီလာခံတွင် အများ ကောင်းချီးသြဘာပေးခဲ့ကြသည်။ ၄င်းတို့နှင့်ပတ်သက်သောစာအုပ်များကို Shah Alaol က ၁၆၇၃-ခုနှစ် တွင် ရေးသားပြီးစီးသည်ဟုဆိုပြန်၏။

(က)သမိုင်းအစုံစုံတွင်ပါသည်ကား ၁၆၆၀-ခုနှစ်တွင်မဂိုမင်းသားရှာရှူဂျာ နှင့် နောက်လိုက် နောက်ပါများရခိုင်ပြည်တွင်လာရောက်ခိုလှုံသည်။ ရခိုင်ဘုရင်စန္ဒသုဓမ္မက အစတွင် ကောင်းစွာလက်ခံထားသော်လည်း မဂိုမင်းသမီးအမီနာကို"ခြေတော်တင်"လိုသည့်ကိစ္စမှစပြီး ရှာရှူဂျာနှင့် နောက်လိုက်များ အသတ်ခံသူများဖြစ်သွားပြီး ရခိုင့်ဘုရင့်သစ္စာခံ ကမန်ခေါ် လေးကိုင်သူရဲများမှာလည်း မြောက်ဦးတွင်မနေနိုင်တော့ဘဲ ရမ်းဗြဲကျွန်းနှင့် သံတွဲခရိုင်တွင်းသို့ ထွက်ပြေးသွားကြရသည်။ ၄င်းနောက် မဂို-ရခိုင် စစ်ပွဲဖြစ်ပြီး စစ်တကောင်းကို လုံးဝ လက်လွှတ်လိုက်ရသည်။ ၄င်းမှာ ခရစ်သက္ကရာဇ် ၁၆၆၆-ခုနှစ်ဖြစ်သည်။

(ခ)၄င်းချက်များကိုထောက်၍စန္ဒသုဓမ္မခေတ်တွင် မူဆလင်အမတ်ချုပ်ကြီး (၃)ယာက်ခန့်ထားသည် ဆိုသည့်ကိစ္စမှာ မဖြစ်နိုင်ပါ။

(ဂ)၄င်းတို့ မှာရှာရှူဂျာနှင့်ပါလာသူများ၊ ရှာရှူဂျာ၏အမတ်များသာ ဖြစ်တန်ရာပါသည်။

(ဃ)စန္ဒသုဓမ္မက အစဦးတွင်၎င်းတို့ ကိုကောင်းစွာစောင့်ရှောက်ထား၍စန္ဒသုဓမ္မ၏"ဘုန်းတော်ဘွဲ့ " ကို၎င်းတို့ ၏ ဘာသာဖြင့်သီကုံးခဲ့ကြဟန်ရှိပါသည်။

(င) Shah Alaol ၏ ၁၆၇၃-ခုနှစ်စာအုပ်ပြီးချိန်တွင် စစ်တကောင်းနယ်မှာရခိုင်တို့ မပိုင်တော့ပါ။ မပိုင်တော့သည့်နယ်ကို အုပ်စိုးခဲ့သည့် ဘုရင်တပါး၏ ဘုန်းတော်ဘွဲ့ကို မည်သည့်ပုဂ္ဂိုလ်ကမျှမပိုင်တော့သည့်နယ်တွင် ရေးမည်မဟုတ်ပါ။

(စ)ဥပမာအားဖြင့်ပထမကမ္ဘာစစ်ပြီးချိန်အထိမြန်မာများ ပဉ္စမမြောက်ဂျော့ဘုရင်နှင့်မေရီမိဖုရားတို့၏ ဘုန်းတော်ဘွဲ့ကို ဧကပိုဒ်ရတုဖြင့်လည်းကောင်း၊ ရတုပိုဒ်စုံဖြင့်လည်းကောင်း ရေးသားပူဇော်ခဲ့ပါသော်လည်း ၁၉၄၈-ခုနှစ်မှစ၍ မည်သူမျှမရေးတော့ပါ။ ရေးသူရှိလျှင်လည်း အဆဲခံရမည်မှာ သေချာပါသည်။

(၄)ရခိုင်ဘုရင်မင်းဖလောင်းကြီးနှင့် ရာဇာကြီးတို့ ၏ ပညာရှိအမတ်ကြီး မဟာပညာကျော်လျှောက်ထုံးတို့ကို ကိုးကားပြပါမည်။

(က)မီးချောင်းစားသေလွန်ရာ ပေါင်းတုပ်ကျွန်းနေ ကုလား မျာလီ က မိဖုရားကြီးကို အသပြာ တထောင်ဆက်သပြီး မီးချောင်းစားအရာတောင်းသည့်ကိစ္စ၌ "အရှင်မင်းမြတ်၊မရမာနှင့်ကုလား သည် လူချင်းသာတူပါသည်၊ စိတ်ချင်းမတူပါ၊ မရမာတို့၏ မိရိုးဖလာအကျင့်မှာ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို အကြည်ညို မြဲမြဲစောင့်ထိမ်းမှသာ သာသနာတော်တည်ပါမည်။ ယင်းသို့တရား နှင့်ကုလား အယူမတူပါ။ ရုပ်ပွားဆင်းတု၊ ဓာတ်တော်မွေတော်တို့ကို အဉ္စလီ လက် အုပ် ချီမိအံ့၊ ၄င်းလက်ကိုဖြတ်စေ၊ ယင်းသို့ ကုလားဘုရားအမှာ ကျမ်းဂန်ရှိသည်ဆိုသည့် အယူနှင့်နေသူများ ဖြစ်ပါသည်။ မျာလိကိုကျေးစားရွားစားမြို့ စားပေးလိုပါလျှင် တိုင်းပြည်တော်တွင် ကုလားမြို့ ရွာအများရှိပါသည်။ ၄င်းတို့ အကျင့် အယူတူရာ ဘာသာဝင်ချင်းသာ ကျေးစားရွာစားပေးရပါမည်။မာရမာတို့  နေ ရာအရပ်တွင် ကျေးစားး ရွာစားမပေးသင့်ပါ။"

(ခ)ရုံပသီပြည်ကုလားမင်းက သံစေသောအခါ၌လည်း"အရှင်းမင်းမြတ်၊ကုလားတကာ့ ကုလားတွင် ပသီကုလားတို့သည် အကောက်အလိမ် အဆိုးအညစ် အထူဆုံးဖြစ်ပါသည်။ ယခုလာသည့်ဒါကုစီသည်လည်း ပသီကုလား ၊သင်းတို့ အရှင်လည်းပသီမင်းဖြစ်ပါသည်၊မယုံထိုက်ပါ။ အသေအချာ စုံစမ်းပြီးမှ ရှေ့တော်သို့ ဝင်စေရပါမည်။"

အထက်ပါအထောက်အထားများအရ၊ ရခိုင်ဘုရင်များသည် ကုလားနယ်များကို ပိုင်ခဲ့ငြားသော်လည်း ကုလားများ အထူးသဖြင့် ပသီကုလားများကိုမယုံခဲ့ကြပါ။ ထို့ ကြောင့်ပသီကုလားများကို အမတ်ချုပ်၊ အမတ်ကြီး၊ စစ်သူကြီးခန့်ခဲ့သည်ဆိုသောအဆိုများမှာ "တောင်ထိပ်ကြာပေါက်အနောက် နေထွက်" စသော ယုံတမ်းစကားများသာ ဖြစ်ပါပေသည်။

ယခုခေတ်တွင်လည်း ကုလားများသည် ချမ်းသာသောအာရပ်နိုင်ငံများမှ ငွေများကိုလက်ခံရယူပြီး မြန်မာပြည်၊ အထူးသဖြင့်ရခိုင်ပြည်ကို ပသီပြည်ဖြစ်အောင် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြ၊ ကြိုးစား နေဆဲဖြစ်ပါသည်။ ရခိုင်များ ကုလားထောင်ချောက်ထဲသို့ မ၀င်မိစေရန် အထူး သတိထားကြရမည် ဖြစ်ပါသည်။

အကျွန်သည် လောကပါလနတ်မင်းဟူသော ကလောင်အမည်ကိုယူထားပါသည်။ လောကကြီး သာသနာတော်ကြီးကို ကာကွယ်စောင့်ရှောက်သူဟူသော အဓိပ္ပာယ်ရှိသော အမည်နှင့်အညီ ရခိုင်ပြည်နှင့် ဗုဒ္ဓသာသာနာတော်အတွက် မိမိစွမ်းအားရှိသမျှ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အသက် အရွယ်အားဖြင့်လည်း ဇရာပိုင်းသို့ ရောက်ရှိနေပါပြီ။ ဗုဒ္ဓဘာသာ အယူအဆအားဖြင့် တတိယအရွယ်၊ ရခိုင်အခေါ် ၀ါကြီးဖြစ်နေပါပြီ။ ရခိုင်သားချေ ရခိုင်သမချေတို့က အခင်ကြီးဟု လည်းကောင်း၊ ဘကြီးဟုလည်းကောင်း ခေါ်ကြပါသည်။ ထို့ကြောင့် မိမိ၏ သားချေ၊သမီးချေ၊တူချေ၊တူမချေတို့ကို အောက်ပါစကားများမှာကြားလိုပါသည်။

(၁) ရခိုင်သား၊ရခိုင်သမအချို့ က ကဗျာဆန်ဆန်ရခိုင်ပြည်ကို လခြမ်းမြေဟုရေးနေကြသည်ကိုတွေ့  ရပါသည်။ "ကြယ်နှင့်လခြမ်း"သည် ပသီကုလားတို့၏ အထိမ်းအမှတ်ဖြစ်ပါသည်။ ထို့ကြောင့်ရခိုင်ပြည်ကို"လခြမ်းမြေ" ဟုမရေးသင့်ပါ။ ကုလားများက ၄င်းစကားကိုအသုံးချပြီး ရခိုင်ပြည်ကို ပသီပြည် အဖြစ်"ကလိမ်စေ့ငြမ်း"ဆင်ကြပါလိမ့်မည်။ "လခြမ်းမြေ"အစား ၄င်းနှင့်ပုံသဏ္ဌာန်မခြားသော"လေးကိုင်းမြေ"၊"လေးကိုင်းသဏ္ဌာန်မြေ"ဟူသောအသုံးကို သုံးကြပါ။"ရာမလေးလို သဏ္ဌာန်အကွေးနဲ့" ဆိုသောစာချိုးလည်းရှိပါသည်။ ဗုဒ္ဓ၀င်ပါသိဒ္ဓတ္ထမင်းသား လေးတော်တင်ခန်းလည်းရှိပါသည်။ ထို့ ကြောင်း လေးကိုင်းသဏ္ဌာန်မြေသည် အန္တရယ်ကင်းပါသည်။ အကယ်၍ လမင်းပုံကိုသုံးချင်ပါလျှင်လည်း ဗုဒ္ဓဘာသာတို့သည် လပြည့်နေ့ကိုသာ အထွဋ်အမြတ်ထားကြပါသည်။ လခြမ်းကို မထားကြပါ။ အမျိုးသမီးများ၏မျက်ခုံးကိုတော့ "ခုံးမျက်စ၊သုံးရက်လ၊မမုန်းရက်ပ" ဟုသာ သုံး တတ် ကြပါသည်။ ခုံးမျက်စ၊သုံးရက်လသဏ္ဌာန်မြေဟု သုံးကြပါ။

(၂)မြန်မာမှုတွင်နဂိုကမရှိသော "မင်္ဂလာပါ"ဆိုသည့်နှုတ်ခွန်းဆက်စကားကို စစ်အစိုးရအဆက်ဆက်က ထွင်လာခဲ့ပြီး လက်အုပ်ချီရှိခိုးခိုင်းနေပါသည်။ အကျွန်ရို့ ရခိုင်တို့ဂုဏ်ယူစွာဆိုလေ့ရှိကြသည်မှာကား"မြန်မာ့ယဉ်ကျေးမှုနှင့် ငါတို့မဆိုင်၊ ဒို့ရခိုင်မှာ သီးခြားယဉ်ကျေးမှုရှိပါသည်။ မြန်မာစာ မပေါ်ခင်ကပင် ငါရို့ ရခိုင် ရက္ခ၀ဏ္ဏစာလုံးရှိနေပြီဖြစ်သည်။ "စသည်ဖြင့်"ဤသို့ဆိုထားကြပါလျှက် အဘယ်ကြောင့် ဗမာတို့ အရူးထပြီး"မင်္ဂလာပါ"လုပ်သည်ကိုမျိုးချစ်ရခိုင်များက သံယောင်လိုက်ပြီး "မောင်ဂလာပါ"နေကြရပါသနည်း။ ရေဒီယိုရုပ်သံတို့တွင် မကြားချင်အဆုံးဖြစ်နေပါပြီ။ ဆရာကြီး ဒေါက်တာ အေးကျော်သည် ရခိုင်ဘာသာ စာပေယဉ်ကျေးမှုတို့ကို အထူးဂရုစိုက်ပြီး နောင်လာ နောက်သားများကို ဗဟုသုတပေးနေပါသည်။"မောင်ဂလာပါ"သည် ရခိုင်နှုတ်ဆက်နည်း ဟုတ်မဟုတ် ဆရာကြီးကိုမေးကြည့်ကြပါ။မျိုးချစ်ကိုရွှေရခိုင်အပေါင်းတို့  ရခိုင်ရိုးရာ နှုတ်ဆက်နည်းတခုကိုရှာပြီး အစားထိုးကြရန် လေးနက်စွာ အကြံပေးလိုပါသည်။

စစ်အစိုးရက "မင်္ဂလာပါ" နှင့် လက်အုပ်ချီနည်းကို ဗမာ့ယဉ်ကျေးမှုပုံသွင်းလာသည်မှာ မည်မျှလောက် ဒုက္ခတွေ့ နိုင်ကြောင်း စာရေးသူကိုယ့်တွေ့  ကြုံတွေ့ ရပုံကိုတင်ပြလိုပါသည်။ တခါက နိုင်ငံခြားသူ၊မြန်မာဘာသာစကားနှင့် စာပေကိုလေ့လာနေသူဆရာမတဦးက ရန်ကုန်မြို့ တွင် နာမည်ကြီး မြန်မာစာရေးဆရာမကြီး တဦး၏အသုဘတွင် လူတကာကိုလိုက်ပြီး "မင်္ဂလာပါရှင့်"ဟု လက်အုပ်ချီပြီး နှုတ်ဆက် နေ လေတော့ရာ မသာရှင်ရော အသုဘ လာသူအပေါင်း ငိုအား ထက်ရယ်အားသန်ဖြစ် သွားရဘူးပါသည်။

(၃)စာရေးသူသည် မြန်မာဘုရင်တို့ ၏နန်းသုံးဖြစ်သော က၀ိလက္ခဏာသတ်ပုံကျမ်း၊ ခွဲထား ကျော်၊ ရစ်ပင့်ဒီကာ၊မြန်မာ့သံယောဃဒီပနီကျမ်း တို့ နှင့်တကွ၊အင်္ဂလိပ်ခေတ်မှစပြီး လွတ်လပ် ရေး ခေတ် ထိရုံးသုံး ကျောင်းသုံးပြဌာန်း ခဲ့သောက၀ိမျက်မှန်သတ်ပုံကျမ်းပါ သတ်ပုံသတ်ပုံသတ်ညွှန်းများ အ တိုင်း သာ ရေးလေ့ရှိပါသည်။ စစ်အစိုးရ ခေတ်ထုတ် သတ်ပုံကျမ်းကို လိုက်နာလိုစိတ် မရှိပါ။ ကွယ်လွန်သူ မြန်မာစာရေးဆရာကြီး ကြေးမုံ ဦးသောင်း"စာရေးဆရာအောင်ဗလ" မြန်မာစာရော အင်္ဂလိပ်စာပါမတတ်သည့်ဗိုလ်နေ၀င်း မြန်မာစာအဖွဲ့ ဥက္ကဌကြီးတက်လုပ်ရာတွင် မြန်မာစာပေ သတ်ပုံသတ်ညွှန်းတို့ မှာ ငါးပါးမက သံဃာစင်ပါ မှောက်လေတော့၏။ဟုအတိအလင်းရေးခဲ့ပြီး တစ်အရေးအသားများ အရေးအသားများ၊ စစ်အစိုးရ၏သတ်ပုံကျမ်းတွင် မည်သို့မှားယွင်းနေကြာင်း ထောက်ပြသွားခဲ့ရှာပါသည်။ တပင်ရွှေထီးဘုရင်၊ဗိုလ်တထောင်ဘုရား၊ သံလျှင် ရှိ နတ်စင်တရာဘုရား စသည့်ဘုရားအမည်များက သက်သေခံနေပါသည်။ မြန်မာပြည်တွင်းရှိ ကြောက်နေရသဖြင့် ဤသတ်ပုံကျမ်းကိုသော်လည်း အောင့်ကာနမ်းနကြရသည်ကို ထားပါတော့၊ ပြည်ပရောက်မြန်မာစာနယ်ဇင်းများရော ရခိုင်စာနယ်ဇင်းများကပါ ၄င်းသတ်ပုံကျမ်းကို ဘုရားဗျာဒိတ်တော်သဘောထားပြီး လိုက်ရေးနေကြသည်မှာ မသင့်တော်ပါ။ စဉ်းစားကြပါ။

အကျွန်သည် ၀ါကြီးဝတ္တရားအတိုင်း မျိုးချစ်ရခိုင်အချေ၊ သမချေများကို ဆိုရေးရှိသည့်အတိုင်း ဆိုပြ ရေး ပြခဲ့ပါပြီ။ ကျန်ကိစ္စများကိုတော့ ရခိုင်အချေ၊ သမချေများ၏ စိတ်နှင့်အညီ လုပ်ဆောင်ကြပါကုန်လော့။ အကျွန့်တွင် တိုက်တွန်းနိုင်သော ၀တ္တရားသာရှိပါသည်။ မည်သူ့ ကိုမျှအတင်းအကျပ်စေခိုင်း လိုသောဆန္ဒမရှိပါ။ စေခိုင်းနိုင်သည့်အာဏာလည်းမရှိပါ။ မကောင်းမြစ်တားကောင်းရာညွှန်လတ်ဆိုသောဆန္ဒဖြင့်သာ ဤဆောင်းပါးကိုရေးရခြင်းဖြစ်ပါသည်။

ရေးသားသူ ၊ လောကပါလနတ်မင်း

No comments:

Post a Comment