Tuesday, 19 July 2011

ရခိုင်တကျပ်၊ ဗမာတကျပ်၊ ရှမ်းတကျပ်


မြန်မာကျူးကျော်စစ်ကို (45) ရက်ကြာ ခုခံတိုက်ခိုက်ပြီးနောက် 1784 ခုနှစ် ဒီဇင်ဘာ 31 ရက်နေ့မှာ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်နှင့်အတူ ရခိုင်ပြည်ကြီး အသိမ်းခံလိုက်ရသည်။ မြန်မာများသည် ရခိုင်ရွှေနန်းတော်၊ ပိဋိကတ်တိုက်တော်၊ ဘုန်းကြီကျောင်းအကြီး 30 အငယ် 3000 ကျော်ကို မီးရှို့ဖျက်စီးခဲ့သည်။ ရခိုင်တစ်ပြည်လုံး လူသေကောင်များဖြင့် ပြန့်ကြဲနေကြတော့သည်။ နှစ်ပေါင်း 5000 ကျော် ကိုယ့်ထီး ကိုယ့်နန်းနှင့် နေထိုင်ခဲ့ကြသော ရခိုင်နိုင်ငံသား တို့မှာ ကူမည့်သူမရှိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
မြန်မာများသည် ပုခက်တွင်းသား ကလေးသူငယ်ပင် မချန် သတ်ဖြတ်သည်။ ရခိုင်မှတ်တမ်းများအရ ရခိုင် 7 သန်းကျော် အသတ်ခံရသည်။ နှစ်ပေါင်း 40 လုံးလုံး ရခိုင်မျိုးတုန်းအောင် အသတ်ခံရသည်။ မာန်အောင်မြို့ တစ်မြို့တည်းတွင်ပင် အသတ်ခံရသည်ကို မှတ်တမ်းတင်ထားသည်မှာ “လူငယ် တစ်သောင်း၊ လူကြီးပေါင်းမူ ရှစ်သောင်းစွန်းစွန်း၊ တစ်သိန်းမှန်း၏ မယွန်းထိုခါ၊ သီကုန်(သေကုန်)ပါ၏ သိမ်းကာ ယူကာ ပြည်အင်းဝသို့ ပါရလီငြား လူယောင်္ကျားနှင့် မပြားမှန်းထ လူမိန်းမကို ရွီကြလီသော် နှစ်သိန်းကျော်၏ ကြားသော်မြင်ခါ ကြောက်ဖွယ်သာတည်း။” ဟု ဖြစ်သည်။   1826 ခုနှစ် ဗြိတိသျှ လက်အောက်သို့ ကျရောက်သောအခါ မြန်မာလက်အောက် အနှစ် 40 ငရဲစခန်း သည် တစ်ခန်းရပ်သည်။ ကျူးကျော်သူ မြန်မာတို့ကို နှင်ထုတ်ကာ အင်္ဂလိပ်တို့ တဖန် အုပ်ချုပ်သည်။ အင်္ဂလိပ်တို့ အကာအကွယ်ကြောင့် သေကံမရောက် သက်မပျောက်သည့် ဘင်္ဂလားမှ ရခိုင် ငါးသောင်းခန့်ကို ရခိုင်ပြည်တွင် ပြန်လည်နေရာချပေးသည်။ သခင်ပြောင်းသော ကျွန်ဘ၀သည်ပင် ရခိုင်တို့အဖို့ ကံထူးကံမြတ် ဖြစ်သည်။ မြန်မာများ လူမျိုးရေး မုန်းတီးမှုဖြင့် သတ်ဖြတ်ခြင်းမှ လွတ်မြောက်ရသည် မဟုတ်ပါလား။ ကျွန်ဘ၀ တစ်ဖြစ်လဲကိုပင် ရခိုင်တို့က “ ခေတ်ကောင်းစဉ်က” ဟု တင်စားခေါ်ဝေါ်ကြသည်။ မှန်ပါသည် မြန်မာလက်အောက် နှစ် 40 လုံးလုံး ဒုက္ခပင်လယ်ဝေခဲ့ရသော ရခိုင်တို့ ကိုယ့်အိမ်ကိုယ် ပြန်ခွင့်ရခဲ့သည်။ ဗြိတိသျှတို့ အကာအကွယ်ရခဲ့သဖြင့် ရခိုင်စာပေ ပြန်လည်နလန်ထူလာနိုင်ခဲ့သည်။ အေးချမ်းစွာ အလုပ်လုပ်ခွင့်ရသဖြင့် စီးပွားရေးကောင်းမွန်လာခဲ့သည်။ ခေတ်ပညာလည်း သင်ကြားခွင့်ရခဲ့သည်။   ရခိုင်ကျွန်သက် 101 နှစ်တင်းတင်းပြည့်သောနေ့ 1886 ခု ဇန်န၀ါရီလတွင် ဗမာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက်ကျရောက်ပြီး ၀ဋ်ကျွေးပြန်သင့်သည်။ ရခိုင်အမျိုးသား ဆရာတော် ဦးဥတ္တမက မြန်မာပြည်၏ လွပ်လပ်ရေးမျိုးစေ့ကို ချပေးခဲ့သည်။ ၀ံဿာနု စိတ်ဓါတ်ကို နှိုးဆွပေးသည်။ အကြိမ်ကြိမ် ထောင်ချ အဖမ်းခံရသည်။  ရခိုင်တို့သည် လွပ်လပ်ရေးအတွက် မြန်မာတို့နှင့်တန်းတူ ကြိုးစားခဲ့သည်။ အချောင်မခိုပါ။ မင်းသားကြီး ရွှီဘန်းသည် အင်္ဂလိပ်ကို စတင်တော်လှန်ဖို့ ကြိုးစားသည် မြန်မာမှတ်တမ်းတွင် မရှိ။   ဖက်ဆစ်ဂျပန်ကို ရခိုင်က အရင်တော်လှန်သည်။ 1945 ခု မတ်လ 27 ရက်နေ့တွင် မြန်မာက ဂျပန်ကိုတော်လှန်သောအခါ ရခိုင်တွင် ဂျပန်မရှိတော့ပါ။ ရခိုင်တို့ ကိုယ့်အား ကိုယ်ကိုး တော်လှန်ခဲ့ကြခြင်းဖြစ်သည်။ ဗမာ့တပ်မတော်မှ ရိုင်ဖယ်တစ်လက် အကူအညီမယူခဲ့။ ဂျပန်အဆုတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရခိုင်ပြည်သို့ရောက်လာသည်။ ဆရာတော် အရှင်ဦးစိန္ဒာ ကျင်းပသော ကြာအင်းထောင် ညီလာခံကို တက်ဖြစ်သည်။ အလံနီ ပါတီမှ ဦးအောင်သန်းက ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုဖြင့် တရားစွဲသည်။ စစ်တွေကိုင်းတန်းရပ်တွင် “ရခိုင်တစ်ကျပ်၊ ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်” တရားကိုစဟောသည်။ စည်းရုံးလို့မရသဖြင့် “မြွေပွေးနှင့် ရခိုင်ကိုတွေ့လျှင် ရခိုင်ကို အရင်သတ်ရမယ်” ဟု မြန်မာပြည်တွင် ၀ါဒဖြန့်သည်။   သခင်စိုး၊သခင်သန်းထွန်း ကွန်မြူနစ်အဖွဲ့ကလည်း ဆရာတော် အရှင်ပညာသီဟကို မြန်မာပြည်လွပ်လပ်ရေးရက ရခိုင်ကိုလည်း လွပ်လပ်ရေးပေးဖို့၊ မန္တလေး မဟာမြတ်မုနိကိုလည်း ပြန်ပေးမည်ဟု လိမ်သည်။ ရိုးသားသော ရခိုင်ခေါင်းဆောင်များက မြန်မာမျက်လှည့်ကို ယုံကြည်သည်။ လွပ်လပ်ရေးရလာသည် သို့သော် မြန်မာ့လွပ်လပ်ရေးသာ ဖြစ်သည်။ ရခိုင်နှင့် မဆိုင်ပါ၊ ရှမ်းနှင့်မဆိုင်ပါ။ မွန်နှင့် မဆိုင်ပါ၊ ကရင်နှင့် မဆိုင်ပါ။ တိုင်းရင်းသားတို့ကို ကလိမ်ကကျစ်လုပ်ပြီးရသော လွပ်လပ်ရေးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းပြောသော “ရခိုင်တစ်ကျပ်-ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်-ဗမာတစ်ကျပ်၊ မွန်တစ်ကျပ်- ဗမာတစ်ကျပ်” သည် တိုင်းရင်းသားတစ်ကျပ် ဗမာ အားလုံး ဖြစ်သည်။ တိုင်းရင်းသားတို့ တစ်ကျပ် တစ်ကျပ်စီရသောအခါ ဗမာက သပိတ်ဝင်အိတ်ဝင် ခုနှစ်ကျပ် အချောင်ရသည်။ တစ်နည်းပြောရလျှင် ရခိုင်တို့ မြန်မာလက်အောက်သို့ နောက်တစ်ကြိမ် ကျွန်ဇတ်သွင်းခံရသည်။   နှစ်ပေါင်း 116 နှစ်အကြာတွင် ပထမဆုံးအကြိမ် ခြေချသော ဗိုလ်ရန်အောင်ခေါင်းဆောင်သော ဗမာ့တပ်မတော်သည် ရခိုင်ပြည်ပြန်လာသော ရခိုင် 400 ကျော်ကို အကူအညီမပေးပဲ သင်္ဘောကို မြှုပ်ကာ လုပ်ကြံလိုက်သည်။ မြန်မာပြည်လွပ်လပ်ရေးရပြီး လွပ်လပ်သောမြန်မာပြည်တွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည်။ ပါလီမန်တွင် ရခိုင်တို့ လွပ်လပ်စွာ ပြောဆိုခွင့် တင်ပြခွင့်ရပေမယ့် လွပ်လပ်စွာ လုပ်ကိုင်ခွင့်မရခဲ့။   1952 ခုနှစ်တွင်  တောပန်ဇင်း၊ အခစား၊ မန်ကျဉ်းကုန်း၊ စသောရွာတို့ကို ရွာလုံးကျွတ်သတ်ဖြတ်ပြီး ဦးနုက ရခိုင်သားတို့ကို ဒီမိုကရေစီနှင့် မိတ်ဆက်ပေးသည်။ ဦးနု၏ ဒီမိုကရေစီသည် ရခိုင်သားတို့အဖို့ ခါးသီးလှ၏။ မြောက်ဦး နန်ရာကုန်းတွင် ရခိုင်မျိုးချစ် ထွန်းလှအောင်ကို မြန်မာစစ်တပ်က ကျားထိုးသတ်ပစ်ခဲ့သည်။ ရခိုင်နိုင်ငံတော်သည် ဖက်ဆစ်ထက် အဆပေါင်းများစွားဆိုးဝါးသော မြန်မာတို့လက်အောက်သို့ ကျရောက်ခဲ့ရပြန်သည်။ 1958 တွင် ဖဆပလ နှစ်ခြမ်းကွဲပြီး ပြည်နယ်ပြဿနာ ပေါ်လာသည်။ ဦးနု၏ ဖဆပလက “မဲပေးလျှင် ပြည်နယ်ပေးမည်” ဟုလိမ်သည်။ ဗဆွေ၏ ဖဆပလက “ပြည်နယ်တော့မပေးနိုင်ဘူး ကျန်တဲ့ဟာပဲ ပေးနိုင်မယ်” ဟု ပြောင် စိန်ခေါ်သည်။  ပြည်နယ်အဆင့်ကိုပင် ဗမာတို့ဆီက လက်ဖြန့်တောင်းရသော သူတောင်းစားဘ၀ရောက်နေသည့် ရခိုင်သားတို့က မျက်စေ့မှိတ်ကာ အမတ်နေရာ 9 ဦးစလုံးကို ဦးနုအား ပုံအောလိုက်သည်။ 1960 ရွေးကောက်ပွဲတွင် ဦးနုပါတီအနိုင်ရသည်။ သို့သော် ရခိုင်သားတို့ ပြည်နယ်မရ။ “ဦးနုကတိတည်ပါစေ၊ ရခိုင်ပြည်နယ် အရင်ပေးပါ” ဟု ငယ်သံပါအောင်အော်ကာ လည်ချောင်းကွဲသည်။   ရခိုင်က ပြည်နယ်တောင်း၊ ရှမ်းက ဖက်ဒရယ်မူ တင်လာသည့်အခါ ဦးနု ဟန်မဆောင်နိုင်တော့ပဲ နေ၀င်းကို အာဏာလွှဲအပ်လိုက်ရသည်။ မြန်မာတို့ ပင်ကိုယ် ဘီလူးရုပ်ကို ပြရတော့သည်။ “အောင်ဆန်း ပေးတဲ့တစ်ကျပ်ကို၊ နေ၀င်းက လုယူသွားသည်၊ ထိုအခါ တိုင်းရင်းသားတို့က ၀ လုံးကွင်းသည်” 1967 သြဂုတ် 13 ရက် ဥပုသ်နေ့ စစ်တွေမြို့တွင် ရခိုင်သား 300 ကျော်ကို နေ၀င်းစစ်တပ်က ပစ်သတ်လိုက်သည်။ မဆလလက်ထက် ရခိုင်တစ်မျိုးသားလုံး စာရိတ္တပျက်စီးပြီး ရခိုင်လူညွန့်တုန်းသည်။   ညီအကိုပါဟု လိမ်လို့မရ၊ ရခိုင်နှင့် ဗမာသည် သီးခြားစီဖြစ်သည်။ ရခိုင်တို့သည် သမိုင်းအစဉ်အဆက် ကိုယ့်ထီး ကိုယ့်နန်းနှင့် နေလာသော လူမျိုးတစ်မျိုးဖြစ်သည်။ မြန်မာသည် မွန် ကတဆင့် ဗုဒ္ဓဘာသာ ဖြစ်လာသည်။ ဗမာတို့ အရည်းကြီး ရဟန်း ကိုးကွယ်ကောင်းနေစဉ် ရခိုင်ပြည်မှာ နှစ်ပေါင်း တစ်ထောင်ကျော် ဗုဒ္ဓဘာသာ အမြစ်တွယ်ပြီးဖြစ်သည်။ ဧရာဝတီမြစ်သည် ကပ္ပလီပင်လယ်ထဲသို့ စီးဝင်သည်။ ကစ္စပနဒီမြစ်သည် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။ ရခိုင်နှင့် ဗမာသည် မြစ်လည်းမတူ၊ ရေလည်းမတူ၊ လူလည်းခြားသည်။  88 အရေးအခင်းဖြစ်သောအခါ ရခိုင်ပြည်ကိုကူးစက်လာပြီး  ရခိုင်များ ထောင်ကျ၊ အသတ်ခံရသည်လည်းမနည်းပေ။ 1990 ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင် ALD က အမတ် 11 နေရာ ရရှိသည်။ အဖိုး ဦးသာထွန်း ထောင်ထဲတွင် အသတ်ခံရသည်။ မကြာမှီ ရခိုင်ပါတီ အဖြိုခံရသည်။ ရခိုင်ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည်။ အန်အယ်ဒီပါတီက မဲဆွယ်ကောင်းနေချိန်တွင် ရခိုင်သားများ ပါစပ် ဟလို့မရ။ ပြောမိ ဆိုမိလျှင် မျက်ကန်းမျိုးချစ်၊ အမြင်ကျဉ်းသူအဖြစ် တံဆိပ်တပ်ခံရသည်။ ကျဉ်းမြောင်းသော ဗမာလူမျိုးကြီးဝါဒအောက်မှာ ရခိုင်သားတို့ ဘ၀ဆုံးရသည်။   အောင်ဆန်းက “မြွေပွေးနှင့် ရခိုင်တွေ့လျှင် ရခိုင်ကို အရင်သတ်” ဟုပြောဖူးသည်။ ရခိုင်စည်းရုံးရေးတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတော့ ရခိုင်တွေကို ချစ်မိသွားပြီ” ဟုပြောသည်။ ဘာကိုယုံရမည်မသိ။ 2009 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့တွင် ရခိုင်ကျွန်သက် 225နှစ် တင်းတင်းပြည့်သည်။ ရခိုင်ပညာတတ်တို့ စဉ်းစားပါ။ ပညာမတတ်သူများလည်း စဉ်းစားပါ။ ဗမာတွေဖေါ်တဲ့ ၀မ်းနှုတ်ဆေးမျိုးစုံကို သောက်ဖူးပြီးသွားပါပြီ၊ ရခိုင်တို့ရဲ့ တစ်ခုတည်းသော အန္တိမ ပန်းတိုင်သည် ဘာဖြစ်သနည်း။ ရခိုင်အချုပ်အချာအာဏာ ရခိုင်တို့လက်အတွင်းရှိရေးဖြစ်သည်။  သမိုင်းကြောင်းကိုပြောက “ပဒေသရာဇ်အချင်းချင်း စစ်ခင်းသည်” ဟု စကားအလှ ဆိုသည်။ သို့သော် ဗမာတို့သည် ပဒေသရာဇ်များ သိမ်းယူခဲ့သော နယ်မြေကို အပိုင်ရလိုသည်။ ကမ္ဘာမကျေ ဗမာပြည် ဟု ကြွေးကျော်နေသော ဘုရင့်နောင်၊ ကျန်စစ်သား၊ အလောင်းဘုရားတို့တသည် အခြောက်တိုက် ရန်ဆောင်နေတတ်ကြသည်။   ပညာပေးရဖို့ အချိန်ရောက်လာပါတော့မည်။ “ မုန်တိုင်းသည် ကြိမ်းဝါးဖို့အတွက် အားယူ တာစူလျှက်ရှိသည်”

 အမြင်မှန်ကိုသိစေဖို့ 
   (မောင်သစ္စာ)

No comments:

Post a Comment