Sunday 31 July 2011

အသစ်စက်စက် ရက် (ကဗျာ)

မိုးထ ရောင်နီသန်းဗျာယ်
ငါရို့တိအားလုံးအတွက်
အသစ်စက်စက် ရက်တရက်။


ညဇာက ငိုထားရေ
အမင့်မျက်လုံးအိမ်
ရဲတွတ်နိန်ရေကြားက
မျက်ရည်တိ စို့ နိန်တုန်း။

‘အားတင်းထားပါအမင်’ လို့
ဖြေသိမ့်ရေစကားရပ်က လွဲလို့
တခုလည်းမတတ်နိုင်ရေသားတိကိုယ်စား
ခွင့်လွှတ်ဖို့ တောင်းဆိုပါယင့်။

နီပူဒဏ်ကြောင့်
နီကြံကြံဆံပင်နန့်ငါ့အစ်မ၊
ဝမ်းနည်းစရာတိ များလွန်းရေခါ
ဇာကိုဝမ်းနည်းရဖို့လဲမသိ လို့
‘အကျွန် မငိုတတ်အောင်လေ့ကျင့်ထားရေ’ လှတ်။

မတော်မတရား
စော်စော်ကားကား
အနိုင်ကျင့်ခံရတိုင်းမှာ
တက်ခေါက် အံကြိတ်ရဖန်များလွန်းလို့
ပြုံးလိုက်တေခါဗင်
တင်းမာနိန်ရေမျက်ကြောတိနန့်
ငါ့ ပါပါ နန့် ငါ့အစ်ကို။

ရောင်နီသန်းလာနိန်ရေ
အသစ်စက်စက် ရက်တရက်ကို
ငါရို့ ဘဇောင် ကြိုဖို့ရောင်။

ဇုန်ဒတ်
မှတ်ချက်။     ။အေအမ်ပီမှ ကူးယူဖော်ပြသည်။

No comments:

Post a Comment