Saturday 9 July 2011

ဤမွီးနိန့် သည် မင်္ဂလာမည်၏

ဤမွီးးနိန့် ကား ၊ ငါ့အားအသိ
လူပီ၏ဟု ၊ အမှန်ဆုတောင်း
ရက်သစ်လောင်းအံ့ ၊ ရနံ့ပျံ့ ရန်
ရှင်းသန့် စီဖို့ ၊ မွီးမီမိခင်
ကျေးဇူးရှင်ကို ၊ ဦးလျှင်ညွတ်၍
ဆယ်လက်မိုးဖြာ ၊ ဖူးခိုက်ပါ၏
ငါ့မှာလူတယောက် ဖြစ်ရသည် ။။။။။။။။

ဤမွီးနိန့် ကား ၊ လူသားအကျိုး
ထမ်းရွက်ပိုးရန် ၊ ဆတိုးလုပ်ဆောင်
လမ်းပြအောင်မြင် ၊ နည်းဘောင်ချမှတ်
လောကရပ်၌ ၊ အတတ်သင်စီ
လမ်းပြလီ၏ ၊ ကမ္ဘေကမ္ဘာ
သက်ရှည်ကြာရန် ၊ လူလာဖြစ်၍
အားသစ်ဆုတောင်း ၊ ကျိုးမျှော်ကောင်းသော်
သောင်းသောင်းခြိမ့်မျှ မြူးရသည် ။။။။။။။။

ဤမွီးနိန့် ကား ၊ စင်စစ်အားလျှင်
ငါ့အားပို၍ ၊ စိတ်ဓါတ်မြဲခိုင်
စွန့် ရဲ စီရန် ၊ သွန်သင်ညွှန်ပြ
အနိစ္စကို ၊ ဖေါ်ပြလီ၏
မသီမှီမှာ ၊ လူ့ ရွာကောင်းကျိုး
ဆက်ထမ်းပိုးလျှင် ၊ လူဖြစ်ပင်လည်း
အချီးနှီးမဲ့  ၊ ခရီးမဟုတ်
ပစ္စည်းဥစ္စာ ၊ သီရွာမပါ
ဒါနကောင်းကျိုး ၊ လူ့ အကျိုးသည်
ပန်းပျိုးသည့်လက် ၊ ရနံ့ခက်ဖြာ
ကြိုင်သင်းပါသော် ၊ သီရွာပါ၏
သံသရာတည်း ၊ ငါလည်းရင်ဆိုင်
အနိုင်ရရန် ၊ အမှန်ကြိုတင်
စိတ်ကြိုက်ပြင်ခ ၊ လူဖြစ်ရယင်
သီပျော်ရွှင်၍ ၊ မွီးနေ့ အသိ-မင်္ဂလာ ။။။။။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment