ရီပြည့်နီရေ မျက်ဝန်းအိမ်တအိမ်
အနာသောင်းပေါင်းခြောက်ထောင်နန့်
...........................အသည်းစိုင်တခု
အရုံးတိပိုင်ဆိုင်ထားရေ အစာအိမ်တလုံး
သူရို့.............................................
ဆက်သွယ်မှုဧရိယာပြင်ပရောက်နီကတ်တေ။
ညဥ့်ညဥ့်တိမှာ အမှောင်က စစုန်းမှောင်ကျနီရေ
အသက်ရူသံတိ တစစနန့်ပြင်းလာရေ
သားချေတယောက် တရီးနိုးကေ
ထလို့ဇီယောင်နီရေ
ဘေးမှာ အဘာဝါ.........မဟိ
ထိုဖက်မှာ အမင်ဝါ........မဟိ
ယင်းသား.....ချီးတုန်ပါအောင်ကြောက်နီရရေ။
တောင့်ထား..သားချေ..တောင့်ထား
ယောင်္ကျားရာမနား။
မငိုကေ့....၀မ်းမနည်းကေ့
မျက်ရည်တိစော် အချေဆန်နီတုန်းသိ
ပူဆွီးမှုတိစော် အရွယ်မရောက်သိ
ဂုခေတ်မှာ......သားရို့အိမ်က
ယဉ်ကျေးမှုမျိုဉ်းထိ တာမ၀င်သိမ့်လို့လေ..သားချေ။
တာမ၀င်နိုင်သိမ့်လို့.............................။
ကျော့ကြာညို(ရခိုင်သမီးပျို)
၀၃.၀၇.၂၀၁၁
No comments:
Post a Comment