Thursday 4 August 2011

လွမ်းအူရစ်ခြွီ

ပြန်ရက်လည်းဝီး ဆီးမရမျှက်ရည်
မြီသို့ကြွီကျ
မောင့်အသည်းကြားက ၀ရာဇ်မြီသူကို
ရိုးမတံတိုင်း ၀ိုင်းဗျာလ်ဆိုင်းလည်း
ဝီးတစ်ရပ်မှ ထွီးနှမချေကို
ဖျောက်မိမရ ယနိန့်ထက်တိုင်
ခိုင်မြဲသစ္စာ မြဲမြံစွာဖြင့်
ကံကြမ္မာချေ ဘဇောင်ပိုင်ဖန်ကေလည်း ( လီဆန်လိုင်းဆန်လည်း )
သံသရာဆယ်ကဗာ ဒေမောင်ရင်မှာ
ကြင်ကြင်နာနာ တမ်းတယုယ
ချစ်လားချင်ရေ ...
သည်းအူကြားက တမ်းတချမ်မိရေ
နှမချေကို သည်းထက်အက္ခရာ
မောင့်ရင်ပြင်မှာ ကမ္ဗည်းထိုးကာ
ထားလိုက်ချင်ရေ ...
တစ်နိန့်ပြန်မယ် ၀ရာဇ်မြီကို
အေမောင်စကား နှမချေကြားကေ
ယုံမှားမရှိ ပီတိဝေဖြာ ( ယုံလိုက်ပါဖိ )
သဲသောင်ပြင်မှာ ပျော်ရွင်မြူးထူး
ခရူချေ ကောက်ကတ်ဖို့
ဝီးခြင်းဆိုစွာ ချစ်ကိုခိုင်မြဲ
မယိုင်လဲသစ္စာ အေကဗာမှာ
နှမချေအတွက် ကျိန်စာဆိုဗျာလ်
ဒေမောင်ပြောဝံ့ရေ ...


စောသဇင် ( ၀ရာဇ်မြီ )

(အေအမ်ပီ မှကူးယူးဖော်ပြပါရေ။)

No comments:

Post a Comment