Tuesday 6 September 2011

အမျိုးချစ်သူရို့ ထုံးစိုင်

အာရှနီဝန်းလို့ တင်စားလောက်အောင်ထင်ရှား

နထင်ကိုသွီးရောက် ဘဝင်မြင့်ရလောက်အောင်

အမျိုးဂုဏ်တင့်ခရပါယင့် ... အသျှင် ....



ယင်းခစ်ခါက ဘာသာစကားမျိုးစုံ

ပညာဥာဏ် ပြည့်စုံရေ ပါမောက္ခ လို့

အားကျ ဂုဏ်ယူ ငါရို့အမျိုးချင့်လို့

အာကာကိုမော့ ဗျာယ် အော်ပလိုက်ချင်ခယင့် ...







ပြောရဲဆိုဝံ့ ကြောက်ခမန်းလိလိ

အသျှင့်သတ္တိ အတွက် လေ့

ဇာတိမာန် ထ လို့ လိုင်ကြောတိတင်းခဖူးပါ ယင့် .....



အတိတ်ကို သပိတ်နန့်မလွယ် မိတ္တာကို ဟြိရှူ့

အားလုံးသူလွတ်လပ်မှူ့ အသိဟိဖို့

မကျိုင်းမြောင်းရေ အသျှင့်လမ်းပြမှူ့တိအတွက် ...

အသျှင့် ကိုယ်ကျိုးစွန့်မှူ့တိကို

ပစ်စက်လက်ခတ်ပြု လစ်လျှူ့ ရှူ့ဗျာယ်

ဂျောင်ထိုးထားပစ် စွာကိုမြင်ကေ

ဇာပိုင်ခံချင်ပါဖို့လဲ ... ရင်နာပါရေအသျှင် ...



တချက်ကေရာ အသျှင့်စွန့်စားမှူ့တိက

ရခိုင်အမျိုးစုအတွက် သီးသန့်ချေတခု ပြုဖြစ်ခဖို့ဆိုကေ

ဂုချိန်မာဆို အသျှင့်အမျိုးတိ ထထိန့်ကြိုးလို့ ဖြဖြိုးစည်ပင်

မိုးထနီဝင် ဦးထိပ်တင်လို့ ဘုရားတဆူ ဂူတလုံးပိုင်......

လွလွတ်လလပ် ဇလောက်ထိပျော်ဖို့ကောင်းလီပါဖို့လဲနန်း ....



အဂုခါမာ မခြီရေလူတိက အသျှင့်ကို

ဂုဏ်ယူထိုက်တေ ပုဂ္ဂိုလ် ဂုဏ်ပြုဖို့ခက် တေလို့

ပြောလာရေစကားကို တခွန်းချေပြန်လှန်ဖို့

ပဇဟောင်းလောင်းနန့် ကျန်ခရဗျာယ်ထော အသျှင် .....



ယကေလေ့သွင့် အသျှင်

အမျိုးချစ်သူရို့ထုံးစိုင် မပစ်ပယ်နိုင်ကတ်ပါ

နှစ်စိုင်နှစ်တိုင်းမာ အသျှင့် ကိုဂုဏ်ပြုရေ

ကဗျာ စာပီတိ ကန်ကမကန် သသောညံ တုန်းသိမ့်ပါအသျှင် ။



ကိုမင်း (မင်းရာမောင်)

(6.9.2011)

No comments:

Post a Comment