ကဗ္မည်းမဟိန့် အုတ်ဂူတိထက်
ရင်ခုန်သံကျိန်စာ မငြိမ်းလီသမျှ
မှတ်တိုင်ပျောက် အမာရွတ်ပုံရိပ်တိပိုင်
ဇွတ်တရွတ် လှလှပပ နိုင်းပြခစွာမနား
သွီးမုန်တိုင်း လှိုင်းတံပိုးနာင့်
ငါရို့  ၏ တိုက်ပွဲ နက်ဖန်ခါ ။
အတ္တမဟိန့် လောကမှ မဟုတ်စွာ
တောင်ပံခတ် ကန္တာရ၀ီဟင်ထဲ
ဆန္ဒ ခြီလှမ်းပေါင်းများစွာနာင့်
ဦးတည်ချက် ပြတင်းပေါက်ကို ဖွင့်ကြည့်မိဗျန်မနား
အာရုဏ်ဦး ပြပြမြင်ဆဲယေ
ရင်ဘတ်အတွီး လက်သီးဆုပ်တိထဲက
ရုပ်သီးးပြတိုက်ထဲမှာ
သွီးကြောတိ တင်းနိန်ဆဲနာင့်
ငါရို့  ၏ တိုက်ပွဲ နက်ဖန်ခါ ။
အရိုးတိ တောင်ပိုင် ပုံမိဗျန်ချင့်
အောက်ဆုံးအရိုး ဖြစ်ရစိမေ
တရွိရွိ စိတ်ခြီလှမ်းတိနာင့်ဲ့
အလံမလှဲ တိုက်ရဲသူတိအတွက်
နာကျဉ်းခြင်း လောကတဖက်မှာ
ရဲရင့်ခြင်း မုဒ်ဦးဘားသို့ 
ရင်တွင်းထဲ သွီးသံရဲရဲနာင့်
ငါရို့  ၏ တိုက်ပွဲ နက်ဖန်ခါ ။
၀ိဥာဥ္တိက ငိုၾကြီးသံ မႀကားပါမနား
ရှုံးနိမ့်ခြင်း သင်္ကေတက မဟိန့် စွာ
အိမ်မက်ဆိုးည အကြိမ်ပေါင်းများစွာနာင့်ရာ
ယင်းပိုင်ကမ္ဘာမှာ
ပုံရိပ်မဟိန့်  ရွှီနန်းတော်ဘား
ပျော်တော်ဆက် သာခြင်း ဆိုယင်းပင်း
ကဗျာလွတ် အကချေကလို့ ရာ
သောကက ရက်ပြတ်ရက်ပြတ် ၀င်ဆဲ
သော်ကပန်းက လှလှပပပွင့်လို့
နမ်းမိတိုင်း သွီးရနံ့တိ ပါနိန်မနားယေ
လက်တိကို ဆန့် ထား ရဲရဲနာင့်
ငါရို့  ၏ တိုက်ပွဲ နက်ဖန်ခါ ။
အကြိမ်တရာ မက
အံကြိတ်ဗျန် ပြထားလိုက်ကတ်ယေ
ဘ၀၏ သရဖူတိကို
ဆောင်းပီးဖို့  ပြတိုက်ထဲမှာ
မီးထွန်းကာ ပူဇေါ်လို့ 
လက်တိကို ဆက်ထားလိုက်ကတ်
အတွီးတိကို ကို ပီးဆပ်လိုက်ကတ်
အနာဂါတ်က လက်ယပ်ပြရေ အခါ
ငါရို့  ၏ တိုက်ပွဲ နက်ဖန်ခါ
သွီးတစက်လောက် ဖေါက်ကြည့်ကတ်ဖို့  ရာ ။
အံကြိတ်ဗျန် ပြထားလိုက်ကတ်ယေ
ဘ၀၏ သရဖူတိကို
ဆောင်းပီးဖို့  ပြတိုက်ထဲမှာ
မီးထွန်းကာ ပူဇေါ်လို့ 
လက်တိကို ဆက်ထားလိုက်ကတ်
အတွီးတိကို ကို ပီးဆပ်လိုက်ကတ်
အနာဂါတ်က လက်ယပ်ပြရေ အခါ
ငါရို့  ၏ တိုက်ပွဲ နက်ဖန်ခါ
သွီးတစက်လောက် ဖေါက်ကြည့်ကတ်ဖို့  ရာ ။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment