အိမ်ပြန်လမ်းကို မှန်းဆမျှော်ရည်
ဆုပန်ရွည်လည်း အိမ်ပြန်ခရီး
မနီးစပ်နိုင်ဗျာတ်ကား အမင်
အယင်ကထုံးဖွဲ့မိတ္တာ တမင်တကာဥပေက္ခာပြု
ယုယမူနန့် ကင်းကွာနိန်ရေ
သားလှအတွက် မြတ်ဘုရားထံပါး
နိန့်ညမပြတ် ရီပန်းကပ်လှူ
မငြူစူပဲ ကြည်ကြည်ဖြူဖြူ
မိတ္တာအတိ ပက်ဖြန်းပီးရေ
ဝီးတစ်ရပ်မှ အို အမင် ။ ...
အမွန်းတင်လို့ ခေါ်လိုက်ချင်ရေပင်
လ၀န်းပမာ အမင့်ရုပ်သွင်
အဖျားချွန်းချွန်း ရိုးတောင်စွမ်းကို
လှမ်းမြင်ပြန်သော် လွမ်းသူရင်ကျိုး
မျှက်ရည်မိုးလည်း ဖြိုင်ဖြိုင်ကြဲပြန့်
လွမ်းရက်ဒွန့်ရှည် ပန်းခြွီမြီခ
အိပ်ပျက်ညပေါင်း ထောင်သောင်းမက
နီးဖို့ရက်ကို ရွီဗျာတ်တွက်လည်း
အဖြေမထွက် အလွမ်းဆက်ရုံမှတပါး
ရွီးချယ်စရာ ဗလာနတ္တိ
ရီဝီးပန်းနှယ် နွမ်းလျရင်ခွင်
ပါးပြင်စီးကျ မျှက်ရည်များလည်း
အံကိုခဲဗျာတ် မတ်မတ်ရပ်ရပ်ဖို့
နို့ရည်တစ်စ အကျွန်တောင်းတမိ
သာခြင်းသံတိ ညံလွမ်းခြုံနိန်ရေ
ဟိုးအရင်နိမာန်အို အလွမ်းရိုက်ချက်များ
ရိုးဟိုတစ်ဖက်ကမ်းမှာ ပဲ့တင်ထပ်နိုင်ပါစီ
အို အမင် ။...
သျှင်ထိဏ်းညို ( ၀ရာဇ်မြီ )
No comments:
Post a Comment