Monday 15 August 2011

နှမချေ ကြာညို …သို့


နှမချေ ကြာညို
အချစ်လားစစ်လား
ကြိုက်စွာကို ရွီးခွင့်ပီးထားစွာက
သဘောထားကြီးခြင်း ပြသနီရေပိုင်
အမျိုးသားလွတ်မြောက်ရီးအတွက်
နောက်ဆံတစ်စ မတင်းရအောင်
နှလုံးသားကို စတေးဝံ့ရေသတ္တိက
တော်လေးဝ ဝင်ထိုက်ပါရေ

နှမချေ ကြာညို
မင်းသိခရေအတိုင်း
အကိုဖြစ်ချင်စွာကလေ့
အပိုအလို မရှိရေ ရက္ခိုင့်စစ်သားတစ်ယောက်ပါရာ
ပြတ်သားရေ အောင်မြင်မှုအတွက်
တရားသောစစ်ပွဲနန့်
နောင်လာဖို့ မျိုးဆက်သစ်တိ
အုံ့ပုန်းကိုလိုနီ ထပ်မဖြစ်ရလီအောင်
စိတ်မပါ ယှောင်လွှဲချင်ကေလေ့
လှုံဆော်နီရေအမျိုးသားအသိတရားက
လက်မခံခစွာ အမှန်ပါရာဝေ


နှမချေ ကြာညို
အချစ်နန့် စစ်မှာ
ကြီကွဲပျက်သုန်းပုံချင်းဆင်ကေလေ့
ပီးဆပ်သီအိုရီ ထပ်တူကျမှုကတော့
ဇရပ်နန့် နန်းတော်ပယှောင်
ကွာဖို့တော့ထင်ရေဝေ

နှမချေ ကြာညို
င့ါကိုယ်ငါမပိုင်ဆိုကေလေ့
မင်းပိုင်ဖို့လူစွာ
အမုန်းဆန္ဒတစ်ခုလေ့မရှိ
အချစ်ကြီးရေနှလုံးသာုးနန့်
ရှိတန်းကိုရောက်နီရေ ငါပါဝေ

နှမချေ ကြာညို
ချစ်သက်တမ်းနုခကေလေ့
အချစ်စခန်း အချစ်လမ်းမှာတော့
တစ်ခေတ် တစ်ကမ္ဘာ တစ်တွဲဆိုရေပိုင်
လွတ်လပ်ရေဆုံမှတ်ရောက်လို့
သဇင်ချေတစ်ခက် ရက္ခိုင်အလံတစ်ဖက်နန့်
ပန်းကုံးစွပ်ဖို့စောင့်နီရေ ရင်ခုန်သံစွာ
ယမ်းနံ့မပျယ်သိမ့်ရေ ငါ့အပြုံးနန့်
တထပ်တည်းကျလီဖို့ထင်ရေဝေ

Dr,အဆိုးသျှေ

No comments:

Post a Comment